စစ်တပ်ပိုင် ကန်သာယာ ဆေးရုံမှ ဝန်ထမ်းများ အစုလိုက်အပြုံလိုက် ကိုဗစ် ကူးစက်

စစ်တပ်ပိုင် ကန်သာယာ ဆေးရုံမှ ဝန်ထမ်းများ အစုလိုက်အပြုံလိုက် ကိုဗစ် ကူးစက်

ရန်ကုန်မြို့အင်ယားကန်စောင်းရှိကန်သာယာဆေးရုံမှဝန်ထမ်း၃၅ဦးတွင်ကိုဗစ်ကူးစက်ခံနေရကြောင်းအဆိုပါဆေးရုံမှဝန်ထမ်းများအပြောအရသိရသည်။

ကန်သာယာဆေးရုံမှာလက်ရှိဝန်ထမ်း၂၀၀ဦးခန့်ရှိပြီးကူးစက်ခံရသူများတွင်သူနာပြုဌာန၊ငွေစာရင်းဌာန၊

ဧည့်ကြိုဌာန၊အရေးပေါ်ဌာနနှင့်ဆေးဆိုင်တို့မှဝန်ထမ်းများအများဆုံးပါဝင်သည်ဟုသတင်းရင်းမြစ်ကပြောသည်။ဇူလိုင်လအစပိုင်းတွင်ဆေးရုံဝန်ထမ်းကြိုပို့ကားမောင်းသူခုနှစ်ဦးတွင်ကိုဗစ်စတင်ကူးစက်ခံရပြီးနောက်ပိုင်းမှာ

ကူးစက်မှုများလာခြင်းဖြစ်သည်ဟုဆိုသည်။အခုလိုတွေဖြစ်နေတာကို ကာကွယ်ရမယ်ဆိုတဲ့စိတ်လည်းမရှိဘူး။ဆေးကုသမှုလည်းသေချာမလုပ်ပေးဘူး။

တစ်ချို့လူတွေဆိုကိုဗစ်တောင်မစစ်ပေးဘူး။အနံ့ပျောက်တာလောက်ဆိုရင်နားခိုင်းလိုက်တာတွေပဲရှိတယ်။ဘာဆိုဘာမှမလုပ်ပေးဘူး”ဟု

ဝန်ထမ်းတစ်ဦးကပြောသည်။ကိုဗစ်ကူးစက်ခံရပြီးရောဂါပြင်းထန်သောဝန်ထမ်းများကိုကန်သာယာဆေးရုံ၏လေးလွှာမှာထားရှိပြီးရောဂါလက္ခဏာမပြင်းထန်သူဟုသတ်မှတ်သူ(အနံ့မရသူနှင့်ချောင်းဆိုးသူ)အချို့မှာအလုပ်ဆင်းရမြဲဖြစ်သည်။ဝန်ထမ်းအင်အားလုံလောက်မှုမရှိသဖြင့်အလုပ်ဆင်းခိုင်းခြင်းဖြစ်သည်ဟု

မဇ္ဈိမကသိရသည်။ကန်သာယာဆေးရုံကိုစစ်တပ်အတွက်ငွေရှာသည့်ဦးပိုင်ဟုလူသိများသည့်မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်(MEC )ကပိုင်ဆိုင်သည်။

ဗွီအိုအေမြန်မာပိုင်းအစီအစဉ်တွင်ဆောင်းပါးရှင်ဦးအောင်ခင်ကမြန်မာ့ရင်းနှီးမြုပ်နှံမှုနဲ့ကုမ္ပဏီများဦးစီးဌာန(DICA)ကိုဦးပိုင်က

၂၀၂၀ဇန်နဝါရီလကတင်သွင်းသောအစီရင်ခံစာကိုကိုးကား၍ရေးသားထားရာတွင်ဦးပိုင်တွင်အစုရှယ်ယာဝင်အဖြစ်စစ်မှုထမ်းနှင့် စစ်မှုထမ်းဟောင်း၃၈၁,၆၃၆ရှိပြီးတိုင်းစစ်ဌာနချုပ်၊တပ်ရင်း၊တပ်မ၊စစ်မှုထမ်းဟောင်းအသင်းအဖွဲ့အစည်း၁,၈၀၁ ကလည်းအစုရှယ်ယာပိုင်ဆိုင်ကြသည်။

၂၀၁ တွင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကအစုရှယ်ယာငါးသိန်းပိုင်ဆိုင်၍အမေရိကန်ဒေါ်လာနှစ်သိန်းခွဲရရှိသွားသည်ဟုပါရှိသည်။

တပ်ထောက်ချုပ်အပါအဝင်စစ်ဘက်ခေါင်းဆောင်များလာလေ့ရှိသည့်ကန်သာယာဆေးရုံတွင်ဝန်ထမ်းများကိုနိုင်ငံရေးလှုပ်ရှားမှုတွေမှာမပါဝင်ရန်တားမြစ်ထားသည်။

ဝန်ထမ်းတစ်ဦး၏စက်ဘီးတွင်လက်သုံးချောင်းထောင်သောစတစ်ကာကပ်ထားမှုကြောင့်ဆေးရုံအာဏာပိုင်များကခေါ်ယူသတိပေးခဲ့ခြင်းရှိခဲ့သည်။ဆေးရုံတွင်ကိုဗစ်-၁၉ရောဂါကုသမှုခံယူနေသူနှစ်ဒါဇင်ကျော်ရှိနေပြီး ပြင်ပမှလာရောက်ကုသသူနေ့စဉ် ၇၀ကျော်ရှိသည်။“ဆေးရုံကပိတ်သင့်တဲ့

အနေအထားကိုရောက်နေပြီ၊ကိုဗစ်မဖြစ်တဲ့လူနာတွေကိုလည်းကူးမှာစိုးရိမ်တယ်၊ကိုဗစ်ဖြစ်နေတဲ့သူတွေကိုသီးသန့်ထားစေချင်တယ်၊ ကောင်းနေတဲ့သူတွေနဲ့ရောမထားစေချင်ဘူး၊

အခုလိုရောထားတာအကုန်ကူးကုန်တာပေါ့”ဟုဝန်ထမ်းတစ်ဦးကပြောသည်။အာဏာသိမ်းပြီးနောက်ပိုင်းတွင်ဆေးရုံကိုဗုံးခွဲတိုက်ခိုက်မှာ

ကိုကြောက်ရွံ့၍သူနာပြုများ၊ဧည့်ကြိုများ၊ငွေကိုင်များ၊ဆေးဆိုင်ဝန်ထမ်းများနှင့်ရုံးပိုင်းဝန်ထမ်းတွေပါမကျန်ကင်းစောင့်ခဲ့ကြရသည်။ရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်မှာရှိသည့်ရှစ်ထပ်ခွဲအဆောက်အဦကန်သာယာဆေးရုံကို၂၀၁၇ဒီဇင်ဘာ၂၆ရက်၌

စတင်ဖွင့်လှစ်ခဲ့ပြီးတပ်ချုပ်မင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ခဲ့သည်။

Credit…M. M. H

Unicode

ရန်ကုန်မြို့အင်ယားကန်စောင်းရှိကန်သာယာဆေးရုံမှဝန်ထမ်း၃၅ဦးတွင်ကိုဗစ်ကူးစက်ခံနေရကြောင်းအဆိုပါဆေးရုံမှဝန်ထမ်းများအပြောအရသိရသည်။ကန်သာယာဆေးရုံမှာလက်ရှိဝန်ထမ်း၂၀၀ဦးခန့်ရှိပြီးကူးစက်ခံရသူများတွင်သူနာပြုဌာန၊ငွေစာရင်းဌာန၊ဧည့်ကြိုဌာန၊အရေးပေါ်ဌာနနှင့်ဆေးဆိုင်တို့မှဝန်ထမ်းများအများဆုံးပါဝင်သည်ဟုသတင်းရင်းမြစ်ကပြောသည်။ဇူလိုင်လအစပိုင်းတွင်ဆေးရုံဝန်ထမ်းကြိုပို့ကားမောင်းသူခုနှစ်ဦးတွင်ကိုဗစ်စတင်ကူးစက်ခံရပြီးနောက်ပိုင်းမှာကူးစက်မှုများလာခြင်းဖြစ်သည်ဟုဆိုသည်။အခုလိုတွေဖြစ်နေတာကိုကာကွယ်ရမယ်ဆိုတဲ့စိတ်လည်းမရှိဘူး။ဆေးကုသမှုလည်းသေချာမလုပ်ပေးဘူး။

တစ်ချို့လူတွေဆိုကိုဗစ်တောင်မစစ်ပေးဘူး။အနံ့ပျောက်တာလောက်ဆိုရင်နားခိုင်းလိုက်တာတွေပဲရှိတယ်။ဘာဆိုဘာမှမလုပ်ပေးဘူး”ဟုဝန်ထမ်းတစ်ဦးကပြောသည်။ကိုဗစ်ကူးစက်ခံရပြီးရောဂါပြင်းထန်သောဝန်ထမ်းများကိုကန်သာယာဆေးရုံ၏လေးလွှာမှာထားရှိပြီးရောဂါလက္ခဏာမပြင်းထန်သူဟုသတ်မှတ်သူ(အနံ့မရသူနှင့်ချောင်းဆိုးသူ)အချို့မှာအလုပ်ဆင်းရမြဲဖြစ်သည်။ဝန်ထမ်းအင်အားလုံလောက်မှုမရှိသဖြင့်အလုပ်ဆင်းခိုင်းခြင်းဖြစ်သည်ဟုမဇ္ဈိမကသိရသည်။ကန်သာယာဆေးရုံကိုစစ်တပ်အတွက်ငွေရှာသည့်ဦးပိုင်ဟုလူသိများသည့်မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်( MEC )ကပိုင်ဆိုင်သည်။

ဗွီအိုအေမြန်မာပိုင်းအစီအစဉ်တွင်ဆောင်းပါးရှင်ဦးအောင်ခင်ကမြန်မာ့ရင်းနှီးမြုပ်နှံမှုနဲ့ကုမ္ပဏီများဦးစီးဌာန(DICA)ကိုဦးပိုင်က ၂၀၂၀ဇန်နဝါရီလကတင်သွင်းသောအစီရင်ခံစာကိုကိုးကား၍ရေးသားထားရာတွင်ဦးပိုင်တွင်အစုရှယ်ယာဝင်အဖြစ်စစ်မှုထမ်းနှင့် စစ်မှုထမ်းဟောင်း၃၈၁,၆၃၆ရှိပြီးတိုင်းစစ်ဌာနချုပ်၊တပ်ရင်း၊တပ်မ၊စစ်မှုထမ်းဟောင်းအသင်းအဖွဲ့အစည်း၁,၈၀၁ကလည်းအစုရှယ်ယာပိုင်ဆိုင်ကြသည်။၂၀၁၁တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကအစုရှယ်ယာငါးသိန်းပိုင်ဆိုင်၍အမေရိကန်ဒေါ်လာနှစ်သိန်းခွဲရရှိသွားသည်ဟုပါရှိသည်။

တပ်ထောက်ချုပ်အပါအဝင်စစ်ဘက်ခေါင်းဆောင်များလာလေ့ရှိသည့်ကန်သာယာဆေးရုံတွင်ဝန်ထမ်းများကိုနိုင်ငံရေးလှုပ်ရှားမှုတွေမှာမပါဝင်ရန်တားမြစ်ထားသည်။ဝန်ထမ်းတစ်ဦး၏စက်ဘီးတွင် လက်သုံးချောင်းထောင်သောစတစ်ကာကပ်ထားမှုကြောင့်ဆေးရုံအာဏာပိုင်များကခေါ်ယူသတိပေးခဲ့ခြင်းရှိခဲ့သည်။ဆေးရုံတွင်ကိုဗစ်-၁၉ရောဂါကုသမှုခံယူနေသူနှစ်ဒါဇင်ကျော်ရှိနေပြီး ပြင်ပမှလာရောက်ကုသသူနေ့စဉ် ၇၀ကျော်ရှိသည်။“ဆေးရုံကပိတ်သင့်တဲ့အနေအထားကိုရောက်နေပြီ၊ကိုဗစ်မဖြစ်တဲ့လူနာတွေကိုလည်းကူးမှာစိုးရိမ်တယ်၊ကိုဗစ်ဖြစ်နေတဲ့သူတွေကိုသီးသန့်ထားစေချင်တယ်၊ကောင်းနေတဲ့သူတွေနဲ့ရောမထားစေချင်ဘူး၊

အခုလိုရောထားတာအကုန်ကူးကုန်တာပေါ့”ဟုဝန်ထမ်းတစ်ဦးကပြောသည်။အာဏာသိမ်းပြီးနောက်ပိုင်းတွင်ဆေးရုံကိုဗုံးခွဲတိုက်ခိုက်မှာကိုကြောက်ရွံ့၍သူနာပြုများ၊ဧည့်ကြိုများ၊ငွေကိုင်များ၊ဆေးဆိုင်ဝန်ထမ်းများနှင့်ရုံးပိုင်းဝန်ထမ်းတွေပါမကျန်ကင်းစောင့်ခဲ့ကြရသည်။ရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်မှာရှိသည့်ရှစ်ထပ်ခွဲအဆောက်အဦကန်သာယာဆေးရုံကို၂၀၁၇ဒီဇင်ဘာ၂၆ရက်၌စတင်ဖွင့်လှစ်ခဲ့ပြီးတပ်ချုပ်မင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ခဲ့သည်။

Credit…M. M. H

Leave a Reply

Your email address will not be published. Required fields are marked *