ဖာပွန် မြို့နယ် မှာ (၉)ရက်အတွင်း တိုက်ပွဲ(၂၉) ကြိမ်ဖြစ်ပွားကာ အကြမ်းဖက်စစ်တပ်မှတပ်ရင်းမှူးတဦးအပါအဝင် ၃၅ဦးဒါဏ်ရာရရှိကာ ၂၆ဦး သေဆုံး…

ဖာပွန် မြို့နယ် မှာ (၉)ရက်အတွင်း တိုက်ပွဲ(၂၉) ကြိမ်ဖြစ်ပွားကာ အကြမ်းဖက်စစ်တပ်မှတပ်ရင်းမှူးတဦးအပါအဝင် ၃၅ဦးဒါဏ်ရာရရှိကာ ၂၆ဦး သေဆုံး…

ဖာပွန် မြို့နယ် မှာ (၉)ရက်အတွင်း တိုက်ပွဲ(၂၉) ကြိမ်ဖြစ်ပွားကာ အကြမ်းဖက်စစ်တပ်မှတပ်ရင်းမှူးတဦးအပါအဝင် ၃၅ဦးဒါဏ်ရာရရှိကာ ၂၆ဦး သေဆုံး…

ယခုရက်ပိုင်းအတွင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်မှ (၂၂) ရက်နေ့အထိ မူတြော်ခရိုင်၊ (ဖာပွန်) ဒေသအတွင်းရှိ မြန်မာစစ်အာဏာရှင်အုပ်စု စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA အမှတ် (၅) တပ်မဟာ တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုတိုက်ပွဲငယ် (၂၉) ကြိမ်ဖြစ်ပွားခဲ့ပါသည်။

ထိုတိုက်ပွဲငယ် (၂၉) ကြိမ်တွင် မြန်မာ့စစ်အာဏာရှင်အုပ်စု တိုင်းပြည်အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဖက်မှ (၂၆) ဦးကျဆုံးပြီး (၃၅) ဦး ဒဏ်ရာရရှိပါသည်။ ဒဏ်ရာရရှိသည့် (၃၅) ဦးထဲတွင် တပ်ရင်းမှူး (၁) ဦးပါဝင်ပါသည်။ မြန်မာ့စစ်အာဏာရှင် အုပ်စု တိုင်းပြည်အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့၏ ကားလည်း (၂) စီး ပျက်ဆီးသွားပါသည်။

(၉) ရက်အတွင်း တိုက်ပွဲငယ်ပေါင်း (၂၉) ကြိမ်ဖြစ်ပွားရာတွင် အရပ်သားပြည်သူလည်း ၁ ဦးသေဆုံးသွားပါသည်။ စစ်အာဏာရှင်အုပ်စု တိုင်းပြည်အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ မှ လက်နက်ကြီးအလုံး ၄၀ကျော် ရမ်သမ်းးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ၏ ကျွဲ ၅ ကောင် လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံကျေးရွာသူကြီးတစ်ဦး သတင်းပေးပို့လာပါသည်။

ထို့အပြင် ဖာပွန်မြို့ဝင် တံတားလည်း မိုင်းခွဲဖေါက်ခွဲ၍ ကျိုးကျပျက်စီးကုန်ပါသည်။ မည်သည့်မည်ဝါ လက်ချက်ဟု ထုတ်ဖေါ်ပြောဆိုခြင်းမရှိသည့်အတွက်လည်း မည်သူမည်ဝါ လက်ချက်ဟု အတည်ပြု၍ မရသေးပါ။ မြန်မာစစ်အာဏာရှင်အုပ်စု တိုင်းပြည်အာဏာသိမ်းစစ်ကောင်စီ တပ်ဖက်မှ သူတို့ကို ကြောက်ပြီး ကျေးလက်တောရွာသို့ ထွက်ပြေးခိုလှုံနေသည့် ဖာပွန်မြို့နေ လူငယ်အချို့ကို PDF ဟုစွပ်စွဲပြီး ၎င်းလူငယ်တို့၏ ဖခင်များကို ၎င်းတို့နေအိမ်တွင် သွားရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး အကြပ်ကိုင်နေသည်ဟု မြို့ခံပြည်သူအချို့ ပြောဆိုနေပါသည်။

ဖာပြန္ ၿမိဳ႕နယ္ မွာ (၉)ရက္အတြင္း တိုက္ပြဲ(၂၉) ႀကိမ္ျဖစ္ပြားကာ အၾကမ္းဖက္စစ္တပ္မွတပ္ရင္းမွူးတဦးအပါအ၀င္ ၃၅ဦးဒါဏ္ရာရရိိွကာ ၂၆ဦး ေသဆံုး…

ယခုရက္ပိုင္းအတြင္း ၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ (၁၅) ရက္မွ (၂၂) ရက္ေန႔အထိ မူေၾတာ္ခရိုင္၊ (ဖာပြန္) ေဒသအတြင္းရွိ ျမန္မာစစ္အာဏာရွင္အုပ္စု စစ္ေကာင္စီတပ္ဖြဲ႔ႏွင့္ KNLA အမွတ္ (၅) တပ္မဟာ တပ္ဖြဲ႔တို႔အၾကား ပစ္ခတ္မႈတိုက္ပြဲငယ္ (၂၉) ႀကိမ္ျဖစ္ပြားခဲ့ပါသည္။

ထိုတိုက္ပြဲငယ္ (၂၉) ႀကိမ္တြင္ ျမန္မာ့စစ္အာဏာရွင္အုပ္စု တိုင္းျပည္အာဏာသိမ္းစစ္ေကာင္စီ တပ္ဖြဲ႔ဖက္မွ (၂၆) ဦးက်ဆံုးၿပီး (၃၅) ဦး ဒဏ္ရာရရွိပါသည္။ ဒဏ္ရာရရွိသည့္ (၃၅) ဦးထဲတြင္ တပ္ရင္းမွဴး (၁) ဦးပါ၀င္ပါသည္။ ျမန္မာ့စစ္အာဏာရွင္ အုပ္စု တိုင္းျပည္အာဏာသိမ္း စစ္ေကာင္စီတပ္ဖြဲ႔၏ ကားလည္း (၂) စီး ပ်က္ဆီးသြားပါသည္။

(၉) ရက္အတြင္း တိုက္ပြဲငယ္ေပါင္း (၂၉) ႀကိမ္ျဖစ္ပြားရာတြင္ အရပ္သားျပည္သူလည္း ၁ ဦးေသဆံုးသြားပါသည္။ စစ္အာဏာရွင္အုပ္စု တိုင္းျပည္အာဏာသိမ္း စစ္ေကာင္စီတပ္ဖြဲ႔ မွ လက္နက္ႀကီးအလံုး ၄၀ေက်ာ္ ရမ္သမ္းးပစ္ခတ္မႈေၾကာင့္ ေဒသခံျပည္သူမ်ား၏ ကၽြဲ ၅ ေကာင္ လက္နက္ႀကီးက်ည္ ထိမွန္ေသဆံုးခဲ့ေၾကာင္း ေဒသခံေက်းရြာသူႀကီးတစ္ဦး သတင္းေပးပို႔လာပါသည္။

ထို႔အျပင္ ဖာပြန္ၿမိဳ႕၀င္ တံတားလည္း မိုင္းခြဲေဖါက္ခြဲ၍ က်ိဳးက်ပ်က္စီးကုန္ပါသည္။ မည္သည့္မည္၀ါ လက္ခ်က္ဟု ထုတ္ေဖၚေျပာဆိုျခင္းမရွိသည့္အတြက္လည္း မည္သူမည္၀ါ လက္ခ်က္ဟု အတည္ျပဳ၍ မရေသးပါ။ ျမန္မာစစ္အာဏာရွင္အုပ္စု တိုင္းျပည္အာဏာသိမ္းစစ္ေကာင္စီ တပ္ဖက္မွ သူတို႔ကို ေၾကာက္ၿပီး ေက်းလက္ေတာရြာသို႔ ထြက္ေျပးခိုလႈံေနသည့္ ဖာပြန္ၿမိဳ႕ေန လူငယ္အခ်ိဳ႕ကို PDF ဟုစြပ္စြဲၿပီး ၄င္းလူငယ္တို႔၏ ဖခင္မ်ားကို ၄င္းတို႔ေနအိမ္တြင္ သြားေရာက္ဖမ္းဆီး ေခၚေဆာင္သြားၿပီး အၾကပ္ကိုင္ေနသည္ဟု ၿမိဳ႕ခံျပည္သူအခ်ိဳ႕ ေျပာဆိုေနပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *