ဗိုက်ဆာလို့ထမင်းဝယ်တာကို မရောင်းဘူးဆိုပြီး အပြောခံလိုက်ရတဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ရင်ဖွင့်လာတဲ့ ပရဟိတသမားတစ်ဦး

ယခုလက်ရှိ ကိုဗစ်တတိယလှိုင်းမှာတော့ ပြည်သူကပြည်သူကို အပြန်အလှန်ကူညီပြီး ရှေ့ဆက်နေရတာပဲ ဖြစ်ပါတယ် ။

ပဲခူးမြို့ရှိ သကျနွယ် လူမှုကူညီရေးအသင်းက ပရဟိတလူငယ်တစ်ဦးကတော့ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ရင်ဖွင့်လာခဲ့ပါတယ်။

#ဗိုက်ဆာလို့ထမင်းဆိုင်ရှေ့မှာ ကားရပ်လိုက်တယ်
#ဆိုင်ရှင် အမကြီးက ဘာမှမရှိတော့ဘူးတဲ့ ကြည့်လိုက်တော့ ဟင်းရောထမင်းရောအများကြီး…မရောင်းရဲဘူးတဲ့ ကြောက်လို့တဲ့😔

ကျွန်တော်တို့ ညီအကိုတွေ စိတ်ညစ်ပီး ဘာလုပ်ရမလဲမသိဖြစ်ကြတယ်…
#ပါဆယ် လေးတော့ရောင်းပေးပါဗျာလို့ တောင်းပန်ပြီးဝယ်ရတယ်…
…အရင်ရက်တွေက ကျွန်တော်တို့ကိုယ့်ပါသာကို ချက်စားကြတာပါ…
…ဒီနေ့ က မနက်ထဲက ဘယ်သူမှမအားကြလို့ ဝယ်တာပါဗျာ…

# ကျွန်တော်တို့လဲ အသက်အပိုမပါပါဘူးဗျာ….
# အသက်တွေရင်းပီးကူညီပေးနေကြတာပါ….
# ပြန်ကူညီပေးကြပါလို့ ပြောပါရစေ….
#သူရအောင်
09444556569
သကျနွယ်
လူမှုကူညီရေးအသင်းပဲခူးမြို့
Positive လူနာသီးသန့်ပို့ဆောင်ရေးအဖွဲ့

သူတို့အနေနဲ့လည်း ကိုယ့်စရိတ်ကိုယ်စားပြီး ပြည်သူတွေကို ကူညီပေးနေတဲ့ ပရဟိတသမားတွေဖြစ်တာကြောင့် “ကျွန်တော်တို့လည်း အသက်အပိုမပါပါဘူးဗျာ…

အသက်တွေရင်းပြီးကူညီပေးနေကြတာပါ… ပြန်ကူညီပေးကြပါလို့ ပြောပါရစေ….” ဆိုပြီး တောင်းဆိုထားတာ တွေ့ရပါတယ်။

Source & Photo Credit-Thura Aung’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *