






သရုပ်ဆောင်ခွန်းဆင့်နေခြည်ရဲ့ဖခင်သည်ယနေ့ဇူလိုင်၂၂ရက်နေံမနက်၆နာရီတွင်ကွယ်လွန်သွားတယ်လို့သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားခဲ့ပါတယ်၊




Credit…M. M. H

ယနေ့မနက်မှာပဲဖခင်ဖြစ်သူကွယ်လွန်ခဲ့ပြီး2021မှာမိသားစုဝင်သုံးယောက်ကိုဆုံးရှုံးခဲ့လို့ဝမ်းနည်းငို‌ကြွေးနေတဲ့ခွန်းဆင့်နေခြည်

သရုပ်ဆောင်ခွန်းဆင့်နေခြည်ရဲ့ဖခင်ကွယ်လွန်

အဆိုတော်ခွန်းဆင့်နေခြည်ကတော့လက်ရှိမှာအမေရိကန်နိုင်ငံနယူးယောက်မြို့တွင်နေထိုင်နေတာဖြစ်ပါတယ်။သူမကတော့ကိုဗစ်ရောဂါSecond Waveစဖြစ်လောက်ကတည်းကပြည်ပနိုင်ငံသို့ ရောက်ရှိနေတာဖြစ်ပါတယ်။

သူမအတွက်ဝမ်းနည်းစရာကောင်းတဲ့သတင်းကိုပရိသတ်တွေအား ပြန်လည်ဝေမျှပေးခဲ့တာဖြစ်ပါတယ်။ဒါကတော့ပိုးမွေးသလိုမွေးပြီးဂရုစိုက်နေတဲ့ကြားကကွယ်လွန်သွားခဲ့တဲ့အတွက်ဝမ်းနည်းနေတာ ဖြစ်ပါတယ်။

ခွန်းဆင့်နေခြည်ကမိသားစုနဲ့အဝေးအမေရိကန်နိုင်ငံ၊နယူးယောက်မြို့မှာရောက်ရှိနေတာကြောင့်ပြန်လာလို့မရတဲ့အတွက်ပူဆွေးဝမ်းနည်းနေရတယ်လို့ဆိုပါတယ်။

သရုပ်ဆောင်ခွန်းဆင့်နေခြည်ရဲ့ဖခင်သည်ယနေ့ဇူလိုင်၂၂ရက်နေ့ မနက်၆နာရီတွင်ကွယ်လွန်သွားတယ်လို့သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားခဲ့ပါတယ်၊

” My father passed away at 6 am Myanmar Standard Timeမြန်မာစံတော်ချိန်မနက်၆နာရီမှာကျွန်မဖခင် ဘဝကူးပြောင်းသွားပါပြီ။

2021မှာအစ်ကိုရယ်အမေရယ်အဖေရယ်ဆက်တိုက်ဆုံးရှုံးလိုက်ရတဲ့သူတစ်ယောက်ရဲ့စိတ်ခံစားချက်ကိုအကျယ်တဝင့်ချပြမနေတော့ပါဘူး။

လူတိုင်းသောကကိုယ်စီဖြစ်နေကြချိန်မှာကိုယ့်အပူတွေသောကတွေကိုချမပြချင်ပါဘူးလူတိုင်းကိုစာနာပါတယ်လူတိုင်းသောကကင်းပြီးအေးချမ်းနိုင်ကြပါစေ”လို့သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားခဲ့ပါတယ်။

Credit…M. M. H

Leave a Reply

Your email address will not be published. Required fields are marked *