သူ့ရဲ့မိသားစုဝင်များကို အိမ်ပေါ်ထိတက်လာပြီး ခြိမ်းခြောက်ခံခဲ့ရကြောင်းပြောပြခဲ့တဲ့ လူရွှင်တော်တိုင်းကျေ

သူ့ရဲ့မိသားစုဝင်များကို အိမ်ပေါ်ထိတက်လာပြီး ခြိမ်းခြောက်ခံခဲ့ရကြောင်းပြောပြခဲ့တဲ့ လူရွှင်တော်တိုင်းကျေ

သူ့ရဲ့မိသားစုဝင်များကိုအိမ်ပေါ်ထိတက်လာပြီးခြိမ်းခြောက်ခံခဲ့ရကြောင်းပြောပြခဲ့တဲ့လူရွှင်တော်တိုင်းကျော်

ပရိသတ်ကြီးတို့ရေပြည်သူချစ်ဟာသလူရွှင်တော်တစ်ယောက်ဖြစ်တဲ့ တိုင်းကျော်လို့ပြောလိုက်တာနဲ့ဟား(၅)ကောင်ညီအကိုတွေခေါ်ကြတဲ့

စောက်မှေးဆိုတဲ့စပ်ဖြဲဖြဲမျက်နှာကိုပြေးမြင်မိမှာပါနော်။ဟား(၅)အဖွဲ့ရဲ့ ခေါင်းဆောင်းတစ်ဦးဖြစ်ပြီးမိမိတို့လူရွှင်တော်အဖွဲ့ကိုတစ်ညီတစ်ညွတ်ထဲရှိနေစေဖို့ကိုယ်တိုင်ရှေ့ဆောင်

လမ်းပြကောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။လူရွှင်တော်တိုင်းကျော်တို့ဟားငါးကောင်အဖွဲ့ကတော့လွတ်မြောက်နယ်မြေမှာစစ်ရေးလေ့ကျင့်ရေးသင်တန်းသွားတက်နေကြတာပဲဖြစ်ပါတယ်။

ပြည်သူတွေကိုကာကွယ်နိုင်ဖို့အတွက်အရာအားလုံးကိုစွန့်လွှတ်ပြီး တောထဲကိုထွက်လာခဲ့တဲ့သူတို့အဖွဲ့ကိုပြည်သူတွေကလည်းလေးစားချီးကျူးနေကြတာပဲဖြစ်ပါတယ်။

လူရွှင်တော်တိုင်းကျော်ဟာလက်ရှိအချိန်မှာတော့လွတ်မြောက်နယ်မြေမှာတော်လှန်ရေးတိုက်ပွဲများအတွက်ကြိုးစားလုပ်ကိုင်နေသူတစ်ဦးပဲဖြစ်ပါတယ်။

မနေ့ကတိုင်းကျော်ရဲ့မွေးနေ့ဖြစ်ပြီးသူ့ကိုချစ်ခင်ကြတဲ့မိတ်ဆွေ အပေါင်းအသင်းများနဲ့သူငယ်ချင်းများကလူမှုကွန်ယက်ကနေမွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြတာပဲဖြစ်ပါတယ်။

တိုင်းကျော်ကသူ့ရဲ့မွေးနေ့မှာတောင်သိပ်မပျော်နိုင်ဘဲစိတ်မကောင်းစရာသတင်းတစ်ခုကိုဝေမျှပေးလာခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့ တိုင်းကျော်တစ်ယောက်လွတ်မြောက်နယ်မြေသို့

ရောက်ရှိပြီးတော်လှန်ရေးတိုက်ပွဲများအတွက်ပြင်ဆင်နေတာကြောင့် မြို့ပေါ်မှာကျန်နေခဲ့တဲ့သူမရဲ့မိသားစုဝင်များကိုအာဏာရှင်လူတစ်စုက အိမ်ပေါ်အထိတက်လာခဲ့ပြီး

ခြိမ်းခြောက်ခံခဲ့ရပုံတွေကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအကြောင်းကိုတော့တိုင်းကျော်ရဲ့ညီမဖြစ်သူကိုယ်တိုင်ကသူ့ဆီကိုစာရေးသားပြောပြလာခဲ့တာကြောင့်အကြောင်းစုံကိုသိရှိခဲ့ရတာဖြစ်ပါတယ်။

အာဏာရှင်လူတစ်စုကသူတို့ရဲ့အိမ်ပေါ်ကိုဖိနပ်တွေနဲ့တက်လာခဲ့ကြပြီးတိုင်းကျော်ရဲ့အမေပုခုံးပေါ်ကိုသေနတ်တင်ထားတဲ့အတွက်မိခင်ဖြစ်သူမှာအသားတွေတဆတ်ဆတ်တုန်ရင်နေပြီး

ထိပ်လန့်ကြောက်ရွံ့နေခဲ့ကြောင်းရေးသားထားပါတယ်။တိုင်းကျော်ရဲ့ ဖခင်ဖြစ်သူကိုလည်း”ခင်ဗျားသားလိုင်းပေါ်မှာဘာတွေတင်လည်းသိတယ်နော်အဘိုးကြီး”လို့ပြောဆိုခဲ့ရုံသာမက

ညီမဖြစ်သူကိုလည်း”နင့်အစ်ကိုဆိုတဲ့ကောင်ကိုအရေခွံစုတ်မှာ”ဆိုပြီးတော့လည်းကြမ်းတမ်းစွာပြောဆိုခဲ့ကြပါတယ်။လက်ရှိအချ်ိန်မှာတော့တိုင်းကျော်တို့မိသားစုဟာဘေးကင်းရာကို

ပြောင်းရွှေ့နေထိုင်နေပြီးကိုယ့်ရပ်ရွာမဟုတ်တာကြောင့်အဆင်မပြေကြောင်းကိုဝမ်းနည်းစွာရေးသားထားပါတယ်နော်။တောထဲမှာရောက်နေကြတဲ့အစ်ကိုနှစ်ယောက်ကိုလည်းအရေးတော်ပုံကြီး

အောင်မြင်သွားတဲ့အခါဘေးကင်းစွာနဲ့မိသားစုတွေနဲ့ပြန်လည်တွေ့ဆုံနိုင်ဖို့ကျန်းမာရေးဂရုစိုက်ကြဖို့ကိုညီမဖြစ်သူကရေးသားထားတာပဲဖြစ်ပါတယ်။တိုင်းကျော်ကလည်းဒီစာလေးကို

ဝေမျှခြင်းဟာပရိသတ်တွေကိုမျက်ရည်ချူတာမဟုတ်ဘဲသူကြုံတွေ့နေရတာတွေကိုသိစေချင်တဲ့အတွက်ပြောပြခြင်းသာဖြစ်ကြောင်းရှင်းပြထားပါသေးတယ်။

ပြည်သူတွေကလည်းအရာအားလုံးကိုပေးဆပ်ပြီးတော်လှန်ရေးအတွက်ပြင်ဆင်နေကြတဲ့တိုင်းကျော်တို့ဟားငါးကောင်အဖွဲ့သားများအတွက်လေးစားဂုဏ်ယူနေကြောင်းကို

commentများတွင်ရေးသားထားကြပါသေးတယ်။အရေးတော်ပုံကြီးအမြန်ဆုံးအောင်မြင်ပြီးတော့ခွဲခွာနေရတဲ့မိသားစုတွေနဲ့ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်နော်။

Credit…M. M. H

Leave a Reply

Your email address will not be published. Required fields are marked *