အကြမ်းဖက် ပျူစောထီးအဖွဲ့ဝင် ကျားကြီး ဆိုသူ အိုင်လျားရှည်ရွာသုသာန်အနီးတွင် ခေါင်းပြတ်ကာ သေဆုံးနေ…

တန့်ဆည်မြို့နယ်၊ အိုင်လျားရှည်ရွာ သုသာန်အနီး ရေဦး-ကလေးဝ ကားလမ်းဘေးတွင် ဇူလိုင်လ ၂၂ ရက် ယနေ့နံနက်က ခေါင်းဖြတ်သတ်ခံထားရသည့် အမျိုးသားတစ်ဦးကို ရွာသားများတွေ့ရှိခဲ့ပြီး ၎င်းမှာ ကံကလေးကုန်းကျေးရွာနေ ကျားကြီး ဆိုသူဖြစ်ပြီး ပျူစောထီး အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ဒေသခံများမှ့ ပြောဆိုသည်။

“သူက စစ်ကောင်စီသတင်းပေးလုပ်နေတာ၊ နာမည်က ကျားကြီး၊ ကံကလေးကုန်းက၊ ခေါင်းဖြတ်သတ်ခံရတာ၊ ခေါင်းတခြား ကိုယ်တခြား တွေ့ရတာ၊ အလောင်းကို လှည်းနဲ့ လာပြန်သယ်သွားတယ်၊ စစ်ကား ၃ စီးလည်း ပါတယ်။” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

အခင်းဖြစ်ပြီးနောက် ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် ကံကလေးကုန်းကျေးရွာအနီးဝန်းကျင်၌ အကြမ်းဖက်စစ်ကောင်စီမှ သေနတ်များ ပစ်ဖောက်ကာ ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ကံထူးမစခန်းထဲ ပြန်ဝင်သွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။





Leave a Reply

Your email address will not be published. Required fields are marked *