ဈေးတက်နေတဲ့ ကြက်ဥကို ငွေ (၅) ကျပ်နှုန်းနဲ့ ရောင်းချပေမယ့် လေးစားစရာ ပြည်သူတစ်ဦး

မြန်မာနိုင်ငံသူ နိုင်ငံသားတွေကတော့ ဒီနှစ်အတွင်းမှာ အတော်လေး ဒုက္ခမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရပါတယ် ။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကိုဗစ်ဖြစ်ပွားပြီးချိန်မှာပဲ ရုတ်တရက် ပြောင်းလဲခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် စီးပွားရေးကစလို့ အစစ အရာရာ အဆင်မပြေခဲ့ပါဘူး ။

ခုဆို ကိုဗစ် တတိယလှိုင်းကလည်း တစ်ကျော့ပြန်လည် ရောက်ရှိလာတာကြောင့် ကျပ်တည်းမှုတွေရော ၊ ရောဂါ ကူစက်ခံရတာတွေရော အစုံကို အားတင်းကာ ဖြတ်သန်းနေရပါတယ် ။ဒီလို အချိန်မှာ ပြည်သူအချင်းချင်း လိုအပ်တာတွေ လှူဒါန်းကူညီထောက်ပံ့ပေးကြသလို တစ်ချို့ကလည်း ခုလိုအခြေအနေတွေကို အခွင့်ကောင်းယူပြီး ပစ္စည်းတွေ ၊ စားသောက်စရာတွေ ၊ ဆေးဝါးတွေကို အဆမတန် ရောင်းချကာ အမြတ်ကြီးစားနေတာကိုတွေ့ရပါတယ် ။

တစ်ချို့ဆို ငွေလိမ်လည်သွားတဲ့ သူတွေတောင်ရှိကြလို့ ဒါတွေက သူများ ဒုက္ခရောက် ပူပန်နေချိန်မှာ အခွင့်ယူပြီး မလုပ်သင့်တဲ့ လုပ်ရပ်တွေပါ ။ ဟိုရက်ကဆိုရင်လည်း ကြက်ဥတွေကို ဈေးအဆမတန် ရောင်းချနေတာတွေကို စိတ်မကောင်းစွာတွေ့ရပါတယ် ။ ဒီနေ့မှာတော့ ဒီလို အဆမတန်ရောင်းချနေတဲ့ ကြက်ဥကို တစ်လုံး ငွေငါးကျပ်နှုန်းနဲ့ ရောင်းချပေးမယ့် ပြည်သူတစ်ဦးရဲ့ လေးစားစရာ ပို့စ်လေးတစ်ခုပျံ့နှံ့ခဲ့ပါတယ် ။

ဒီလို တစ်လုံးငါးကျပ်နှုန်းနဲ့ ရောင်းချပေးမယ့်အကြောင်းကို ” ကြက်ဥ ၁လုံး ကို (၅)ကျပ်  ၁၀လုံး ကို (၅၀)ကျပ် နဲ့  Flannel Box ဆိုင်မှာ ဝယ်ယူ နိုင်ပါတယ် ခင်ဗျာ (၅)ကျပ်တန်မှ မဟုတ်ပဲ (၅ဝ)ကျပ်တန်နှင့်လဲ ဝယ်ယူလို့ရပါတယ်ခင်ဗျာ တစ်ဦး ကို ၁၀ လုံးဝယ်ယူ နိုင်မှာ ဖြစ်ပါတယ် လူ အယောက် ၁၅၀ အတွက် အလုံး ၁၅၀၀ ရောင်းမှာဖြစ်ပါတယ် ခင်ဗျာ ကျန်းမာရေး ဂရုစိုက်ပါ အားရှိတဲ့ အစားစား စားပါ 22ရက်.7လ (မနက်ဖြန်) ညနေ 4:00 မှ စရ်ျ ဝယ်လို့ရပါပြီခင်ဗျာ

လူစု လူဝေး မဖြစ်စေရန် မကုန်မချင်း ထိုင်ရောင်းမှာ ဖြစ်လို့ ဖြည်းဖြည်းနဲ့ အေးဆေး လာခဲ့ လို့ရပါတယ် ဗျာ အဆင်ပြေတဲ့ ငွေစက္ကူ ယူလာလို့ ရပါတယ် ပိုငွေ ပြန်အမ်း ပေးပါ့မယ် ခင်ဗျာ No-290,မြေညီထပ်, ပြည်လမ်း, မြေနီကုန်းတံတာ အဆင်း ( တံတားအောက်ကလာရင် ပိုအဆင်ပြေပါတယ် ), မဟာမြိုင်မှတ်တိုင် အနီး ” ဆိုပြီး ရေးသားထားရာ ပရိသတ်ကြီးလည်း သိရှိနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

credit…

Leave a Reply

Your email address will not be published. Required fields are marked *