Browsed by
Category: မြန်မာသတင်း
ဝိုင်းမော် (၅၈) တပ်ရင်းအနီး ပစ်ခတ်မူဖြစ်ပွားနေ…
ဝိုင်းမော် (၅၈) တပ်ရင်းအနီး ပစ်ခတ်မူဖြစ်ပွားနေ…
Read More Read More
နိုင်ငံတော်ကိုရိုးသားတဲ့နိုင်ငံရေးနဲ့ တည်ဆောက်ကြမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော
နိုင်ငံတော်ကိုရိုးသားတဲ့နိုင်ငံရေးနဲ့ တည်ဆောက်ကြမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော
နိုင်ငံတော်ကိုရိုးသားတဲ့နိုင်ငံရေးနဲ့ တည်ဆောက်ကြမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော နိုင်ငံတော်ကိုရိုးသားတဲ့နိုင်ငံရေးနဲ့ တည်ဆောက်ကြမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မိန့်ခွန်းထဲထည့်သွင်းပြောဆိုလိုက်ပါတယ်။ “စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတော်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်၊ မြန်မာရဲ့အနာဂါတ်ကို မြန်မာတိုင်းရင်းသားပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ တည်ဆောက်နိုင်တဲ့ နိုင်ငံတော်ကိုရိုးသားတဲ့နိုင်ငံရေးနဲ့ ကျွန်တော်တို့တည်ဆောက်ကြပါမယ်၊တိုင်းရင်းသားပြည်သူလူထုအားလုံးက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးကြဖို့ ကျွန်တော်အနေနဲ့ လေးလေးနက်နက် မေတ္တာရပ်ခံအပ်ပါတယ်။”လို့ သူကပြောပါတယ်။ နောက်ပြီး နိုင်ငံတော်တည်တံ့ ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားကြတဲ့ တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ်၊ ပြည်သူလူထုကိုချစ်တဲ့ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိကဖြစ်တယ်လို့လည်းသူကဆိုပါတယ်။ လက်ရှိမှာတော့ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးနယ်ပယ်အသီးသီးမှာ မတည် မငြိမ်ဖြစ်အောင်၊ ပျက်စီးယိုယွင်းအောင် လုပ်ဆောင်နေကြတာတွေရှိတဲ့အပြင် အစိုးရပြုတ်ကျရေး၊ တပ်မတော်ပြိုကွဲရေးအတွက် ဦးတည်ပြီး လုပ်ဆောင်နေရုံသာမကဘဲ အားလုံးတန်ဖိုးထားရတဲ့ မြန်မာ တိုင်းရင်းသားအားလုံးရဲ့ ယဉ်ကျေးမှု၊ အစဉ်အလာနဲ့ သမိုင်းကြောင်းတွေ ကိုပါ အခြေအမြစ်ကစပြီး ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာတွေရှိနေတဲ့အကြောင်း ဒါကို အထူးသတိရှိရှိ၊ အသိရှိရှိ မြင်တွေ့နိုင်ဖို့လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မိန့်ခွန်းထဲထည့်သွင်းပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၅ နှစ် အတွင်းမှာ ဗုဒ္ဓဘာသာဝင်တွေအတွက် စိတ်အားညှိုးငယ်ဖွယ်ရာများနဲ့ ကြုံတွေ့ခဲ့ရတယ်လို့လည်း သူကဆက်ပြောခဲ့ပါတယ်။ “ကျွန်တော်တို့ နိုင်ငံဟာ ဗုဒ္ဓဘာသာ အဓိကကိုးကွယ်တဲ့နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅…
Read More Read More
( ၈ ) လ ပိုင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတွေကို ကြည့်ရတော့မည်
( ၈ ) လ ပိုင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတွေကို ကြည့်ရတော့မည်
ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲများ ကျင်းပနေသည့် One Championship အဖွဲ့အစည်းသည် သြဂုတ်နှင့် စက်တင်ဘာ တွင် ပြိုင်ပွဲကျင်းပမည့်ရက်များ အတည်ပြု ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။ One Championship သည် သြဂုတ် (၁၃)၊ (၂၇) ရက်၊ စက်တင်ဘာ (၃)၊ (၂၄) ရက်တွင် ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း အတည်ပြု ခဲ့ပြီး စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်သည် ဇူလိုင် (၃၀) ရက်က ကျင်းပသည့် Battleground အမည်ရ MMA ပြိုင်ပွဲအပြီးတွင် သြ ဂုတ်နှင့် စက်တင်ဘာပြိုင်ပွဲများ၌ပါဝင်မည့် တွဲဆိုင်းအချို့ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သြဂုတ် (၁၃) ရက် ကျင်းပမည့် Battleground II ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် တရုတ် နိုင်ငံသား ကျန်လီပင်းနှင့် ဖိလစ်ပိုင်နိုင်ငံသား ဖိုလာရန် ထိုးသတ်မည်ဖြစ်ပြီး စက်တင်ဘာ (၃) ရက် ကျင်းပမည့် Empower ပြိုင်ပွဲတွင် တွဲဆိုင်းအားလုံး အမျိုးသမီးပွဲစဉ်များသာ ကျင်းပမည်ဖြစ်သည် ယင်းပြိုင်ပွဲတွင် အမျိုး သမီး Straw ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ အဖြစ် လက်ရှိချန်ပီယံ တရုတ်နိုင်ငံသူ ရှောင် ကျင်းနန်နှင့် ဘရာဇီးနိုင်ငံသူ နီကိုလီနီ…
Read More Read More
တပ်မတော်အရာရှိ ၁၂၉ ဦးကိုခြေတော်တင်ခဲ့သော စရဖ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးအား နေပြည်တော်မှ ခေါ်ယူစစ်ဆေး
တပ်မတော်အရာရှိ ၁၂၉ ဦးကိုခြေတော်တင်ခဲ့သော စရဖ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးအား နေပြည်တော်မှ ခေါ်ယူစစ်ဆေး
တပ်မတော်အရာရှိ ၁၂၉ ဦးကိုခြေတော်တင်ခဲ့သော စရဖ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးအား နေပြည်တော်မှ ခေါ်ယူစစ်ဆေး  ဩဂုတ်လ ၁ ရက်နေ့ နေ့လည် ၂ နာရီခန့်က တပ်မတော်အတွင်း ထိပ်ပိုင်းအရာရှိတစ်ဦးအပေါ် ဓမ္မတာနှင့်ဆန့်ကျင်သောမုဒိမ်းမှုဖြင့်တိုင်ကြားချက်ပေါင်း ၁၂၉ ခုရှိခဲ့သည်။ တိုင်ကြားချက်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တိုက်ရိုက်လက်ခံထားပြီး နေပြည်တော်သို့ရောက်ရှိနေသော တပ်မတော်စစ်ဆေးရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်လှိုင်မှ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ခေါ်ယူစစ်ဆေးခဲ့သည်။ ဓမ္မတာနှင့်ဆန့်ကျင်သောမုဒိမ်းမှုဖြင့် တိုင်ကြားသူ များမှာ ဗိုလ်မှူးချုပ်အဆင့်မှ တပ်သားအဆင့်ထိဖြစ်ပြီး စုစုပေါင်း အမျိုးသားအရာရှိ ၁၂၉ ဦးတို့မှ သက်သေနှင့်တကွ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ တပ်မတော်စစ်ဆေးရေးချုပ်မှ သက်သေများကို စစ်ဆေးလျက်ရှိပြီး ၎င်းတို့တွင် ဓာတ်ပုံသက်သေ၊ အသံသက်သေ၊ ရုပ်သံသက်သေ၊ လူသက်သေနှင့် ဒဏ်ရာသက်သေတို့ပါဝင်ပြီး အထောက်အထားသက်သေခံပစ္စည်းများအဖြစ် အသုံးပြုပြီးသားကွန်ဒုံး၊ ကိုယ်လိမ်းဆီ၊ ရေမွှေး၊ လက်ထိပ်များ၊ စကပ်များ၊ အမျိုးသားအင်္ဂါတု၊ အဝေးထိန်းအမျိုးသားအင်္ဂါတုများနှင့် ဂျယ်လီတုံးများ သိမ်းဆည်းရရှိထားသည်။ တရားလိုများအဖြစ် ကာယကံရှင်အရာရှိ ၁၂၉ ဦး၊ တပ်မတော်စစ်ဆေးရေးချုပ်၊ နေပြည်တော်တိုင်းမှူးနှင့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) တို့ပါဝင်ပြီး အမှုကာယကံရှင်များကို သက်သေမှန်ကန်ကြောင်းနှင့် ကာယကံရှင်ဖြစ်ကြောင်းတို့ကို လက်မှတ်ရေးထိုးခိုင်းခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ ကိုယ်ရေးအရာရှိ၊ လက်ထောက်အရာရှိများ၊ ရင်းနှီးကျွမ်းဝငိသူများကို စတင်စစ်ဆေးနေကြောင်း သိရသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးကို စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်တာဝန်မှ…
Read More Read More
ဆုံးပါးသွားတဲ့ ဦးမေတ္တာနဲ့ပတ်သက်ပြီး R ဇာနည် ပြောပြလာတဲ့ အကြောင်း
ဆုံးပါးသွားတဲ့ ဦးမေတ္တာနဲ့ပတ်သက်ပြီး R ဇာနည် ပြောပြလာတဲ့ အကြောင်း
ဒီနေ့မှာဆုံးပါးသွားတဲ့ ဦးမေတ္တာနဲ့ပတ်သက်ပြီး အရင်ကအမှတ်တရတွေကို စိတ်မကောင်းစွာနဲ့ ပြောပြလာတဲ့ Rဇာနည် ပရိသတ်ကြီးရေ လူရွှင်တော် ဦးမေတ္တာ တစ်ယောက် ဒီနေ့ နေ့လည် (၁၂) နာရီတိတိတွင် ကိုဗစ်ရောဂါနဲ့ပဲ ဆုံးပါးကွယ်လွန် သွားခဲ့ပါပြီနော်။ အနုပညာရှင်တွေ တစ်ယောက်ပြီး တစ်ယောက် တဖြုတ်ဖြုတ်ကြွေနေတာကြောင့် ပရိသတ်တွေလည်း ပြောစရာစကား မရှိအောင်ကို ဆွံ့အနေခဲ့ရပါပြီနော်။ ဦးမေတ္တာနဲ့ ပတ်သက်တဲ့ အမှတ်တရတစ်ချို့ကို အနုပညာရှင်များက ရေးနေကြပြီး ဒီထဲမှာမှ ထူးထူးခြားခြား အဆိုတော် အာဇာနည်မှလည်း ရေးသားလာပါတယ်နော်။ ” ဦးမေတ္တာကြီးနဲ့ ဆိုပျော်ပြိုင်တော့ စတွေ့တာပေါ့ ခုမှတွေ့တဲ့ကလေးတွေကို သားသမီးအရင်းတွေလို ဆက်ဆံပြောဆို တတ်တော့ နွေးထွေးပျော်ရွှင်စွာ ပြိုင်ပွဲဝင်ကြရတာ မေ့မရ ပြီးတော့ ခုချိန်ထိ ချစ်ခင် ခင်မင်လာခဲ့ကြတာပေါ့။ တွေ့ဖြစ်တဲ့ခါတိုင်း အတိတ်က အကြောင်းတွေ ပြန်ပြော ဖြစ်ပြီး အမြဲ ဆုံးမစကားပြောလေ့ ရှိတဲ့ ဦးမေတ္တာကြီး ခုတော့ လတ်တလော စိတ်ပျက်စရာကောင်းတဲ့ အချေအနေကြီးကိုစွန်ခွာသွားခဲ့ပြီပေါ့ ဒီနေရာကနေ့ ရှစ်ခိုးကန့်တော့လိုက်ပါတယ် ဦးမေတ္တာကြီး ကောင်းရာသုဂတိလားပါစေ ” လို့ ဝမ်းနည်းစွာဖြင့် ရေးသားထားပါတယ် ပရိသတ်ကြီးရေ…. ဒီနေ့မှာဆုံးပါးသွားတဲ့ဦးမေတ္တာနဲ့ပတ်သက်ပြီးအရင်ကအမှတ်တရတွေကိုစိတ်မကောင်းစွာနဲ့ပြောပြလာတဲ့Rဇာနည် ပရိသတ်ကြီးရေလူရွှင်တော်ဦးမေတ္တာတစ်ယောက် ဒီနေ့ နေ့လည်(၁၂)နာရီတိတိတွင်ကိုဗစ်ရောဂါနဲ့ပဲ ဆုံးပါးကွယ်လွန် သွားခဲ့ပါပြီနော်။ အနုပညာရှင်တွေ တစ်ယောက်ပြီးတစ်ယောက်တဖြုတ်ဖြုတ်ကြွေနေတာကြောင့်ပရိသတ်တွေလည်းပြောစရာစကားမရှိအောင်ကိုဆွံ့အနေခဲ့ရပါပြီနော်။…
Read More Read More
လူတိုင်းတက်ရောက်ကုသခွင့်မရကျတဲ့ စစ်ဆေးရုံ မွာ တတ္လိုပါက ကူညီပေးနိုင်ကြောင်း ပြောလာတဲ့ မော်ဒယ် ရွှေရူပါဦး
လူတိုင်းတက်ရောက်ကုသခွင့်မရကျတဲ့ စစ်ဆေးရုံ မွာ တတ္လိုပါက ကူညီပေးနိုင်ကြောင်း ပြောလာတဲ့ မော်ဒယ် ရွှေရူပါဦး
စစ်ကောင်စီ အသိုင်းအဝိုင်းမှာတောင် လူတိုင်းတက်ရောက်ကုသခွင့်မရကျတဲ့ စစ်ဆေးရုံတွင် ဆေးစစ်ချင်ပါက သူမကူညီပေးနိုင်ကြောင်းပြောလာတဲ့ ရွှေရူပါဦးကြောင့် ပွဲဆူနေ။ တပ်ထောက်ခံသူသရုပ်ဆောင်ရွှေရူပါဦးမှ တပ်မတော် (လက်ရှိ/ဟောင်း)မိသားစုဝင်တွေ၊ သာမန်အရပ်သားတွေ တပ်မတော်စစ် ဆေးရုံမှာ ဆေးစစ်ချင်ပါ။ သူကူညီပေးနိုင်သည်ဟု သူ၏ လူမှုကွန်ယက်စာမျက်နှာမှရေးသားခဲ့သည့်အတွက် စစ်ဆေးရုံသို့ တက်ရောက်ကုသခွင့်မရသူတပ်မတော်မိသားစုဝင်တွေကြား မကျေမနပ်ပြောဆိုဝေဖန်နေကြောင်းသိရပါသည်။ လက်ရှိအချိန်တွင် တပ်မတော်ထောက်ခံသူများ၊ တပ်မတော် (လက်ရှိ/ဟောင်း) မိသားစုဝင်အများအပြားသည် စစ်ဆေးရုံတွင် ဆေးကုသခွင့်မရသဖြင့် သေဆုံးမှုများရှိနေသောကြောင့် စစ်တပ်အသိုင်းအဝိုင်းကြားမကျေမနပ်ဖြစ်သံများကြားနေရသည်။ တပ်ထောက်ခံသူ အမျိုးသားရေးဝါဒီ ကိုလတ် (မင်္ဂလာတောင်ညွှန့်)၏ တူမ၊ အမကြီးနှင့်မိခင်ကိုယ်တိုင် ဆေးရုံတင်ခွင့်မရ၊ လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုများ မရရှိခဲ့သဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် သူ့အမေအလောင်း သြင်္ဂိုလ်ဖို့တောင်အဆင်ပြေပြေမဆောင်ရွက်နိုင်သဖြင့် စစ်ကောင်စီခေါင်းဆောင်များ၏ စီမံအုပ်ချုပ်မှု ညံ့ဖျင်းပုံ၊ အလိမ်အညာ သတင်းမှားများလွှင့်ကာပြည်သူကိုလှည့်စားဖို့လောက် လုပ်တတ်သူများအဖြစ် Live လွှင့်၍။ ဆဲဆိုဝေဖန်ပြစ်တင်ခဲ့သောကြောင့် တညဖမ်းဆီးခံခဲ့ရသေးသည်။ ထို့အပြင် ၁၉၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို။ သေနတ်ဖြင့်ပစ်မည်ဟု ချိန်ရွယ်ဖူးသောဗိုလ်ကြီးဟောင်းမြင့်ဦးဟာလည်း သူ့ဇနီးဖြစ်သူ ကိုဗစ်ရောဂါ ကူးစပ်၍ စစ်ဆေးရုံသို့တင် ရန်ကြိုးစားစဉ် အဆင်မပြေခဲ့သောကြောင့်။ တစ်သက်လုံးစိမ်းလာပြီးကြွေခါနီးမှ မနီချင်ဘူးဟု အစချီသော စစ်ကောင်စီ၏ အသုံးမကျမှုများကို ရေးသားခဲ့သေးသည်။ လက်ရှိ အချိန်တွင်တော့ ဦးမြင့်ဦးနှင့် သူ့ဇနီးသည်မှာ ကိုဗစ်ရောဂါဖြင့် ရှေ့ဆင့်နောက်ဆင့် တိမ်းပါးသွားပြီဖြစ်သည်။ သားရော၊…
Read More Read More
တရုတ် က အမေရိကန် ကို တောင် မကြောက် မရွံ့ သတိပေးစကားဆို
တရုတ် က အမေရိကန် ကို တောင် မကြောက် မရွံ့ သတိပေးစကားဆို
မီးနဲ့ကစားနေတာဖြစ်လို့ ကိုယ့်ကိုကိုယ်လောင်ကျွမ်းသွားမယ်နော်လို့ အမေရိကန်ကို တရုတ်သတိပေး အမေရိကန်အနေနဲ့ မီးနဲ့ကစားနေတာဖြစ်ပြီး ထိုင်ဝမ်လွတ်လပ်ရေးအတွက် ကြိုးစားမယ်ဆိုရင် ထိုင်ဝမ်ကို ချေမှုန်းပစ်မယ်လို့လည်း တရုတ်စစ်တပ်က အခိုင်အမာပြောဆိုလိုက်ပါတယ်။ တရုတ်ရဲ့ အခုလိုသတိပေးခြိမ်းခြောက်ပြောဆိုမှုဟာ ထိုင်ဝမ်ကို ထိုးစစ်တွေ ဆင်နွှဲဖို့အတွက်လို့ ယူဆရတဲ့ ကြီးမားတဲ့စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေတဲ့အချိန်မှာ ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ တရုတ်က ထိုင်ဝမ်ကို သူတို့ရဲ့ပိုင်နက်အဖြစ် ရှုမြင်ထားပြီး သူတို့ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်ဖို့ အင်အားသုံးသွားမယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။ အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စီးက ထိုင်ဝမ်ကိုခြေချခဲ့ပြီးနောက် တရုတ်ကသတိပေးခဲ့ပြီး အမေရိကန်ဆီးနိတ်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီက ထိုင်ဝမ်ကျွန်းကို WHO ရဲ့ လေ့လာသူအဆင့်မှာ ပြန်လည်ထားရှိဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ “မီးနဲ့ကစားနေတဲ့သူတွေက သူတို့ကိုယ်သူတို့ မီးရှို့မိပါလိမ့်မယ်” တရုတ်ကာကွယ်ရေးဝန်ကြီးပြောရေးဆိုခွင့်ရှိသူ Wu Qian က ပြောကြားခဲ့ပါတယ်။ “တရုတ်က သေချာပေါက်ပြန်လည်ပေါင်းစည်းသွားမှာပါ၊ တရုတ်လူမျိုးတွေရဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်ဖို့ တရုတ်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်၊ ဆန္ဒ နဲ့ စွမ်းရည်ကို ဘယ်တော့မှလျှော့မတွက်ကြပါနဲ့” လို့ Wu က ထပ်လောင်းပြောဆိုခဲ့ပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ ပြီးခဲ့တဲ့ကာလတွေအတွင်း ကျွန်းတိုက်ပွဲဆင်နွှဲဖို့ကို ပိုမိုအာရုံစိုက်ပြီး ပြင်ဆင်နေခဲ့ပါတယ်။ South China Morning Post ရဲ့ ဖော်ပြထားတဲ့ အချက်အလက်တွေအရဆိုရင် ပထမနှစ်ဝက်ကာလအတွင်းမှာ ရေတပ်လေ့ကျင့်မှုပေါင်း ၂၀ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်အတွင်းမှာ…
Read More Read More
ဖရူဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်မှာ တစ်နေ့တည်း တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ်မှ ၁၁ ဦးသေဆုံး ၂၀ဦးထက်မနည်းဒဏ်ရာရ
ဖရူဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်မှာ တစ်နေ့တည်း တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ်မှ ၁၁ ဦးသေဆုံး ၂၀ဦးထက်မနည်းဒဏ်ရာရ
ကရင်နီပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် ဖရူဆိုမြို့နယ်နဲ့ဘောလခဲမြို့နယ်တို့မှာ ဒီကနေ့ ဩဂုတ်လ ၃ရက်နေ့မှာ တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၁ဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရကာ ကား ၃စီးမီးလောင်ပျက်စီးခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးနဲ့ ဖရူဆိုမြို့နယ် ထားလဲကျေးရွာ၊ မားခရာရှေ့ကျေးရွာတို့မှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ယာဉ်တန်းကို ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဘောလခဲမြို့နယ်အတွင်းရှိ နန်းဖဲကျေးရွာနေ ပြည်သူများကို အကြမ်းဖက်ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပစ္စည်းများဖျက်စီးခြင်းနဲ့ ငွေသားများ လုယူခြင်း စတာတွေကို ကျူးလွန်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်မှ ကရင်နီပြည်တွင်းရှိ လွိုင်ကော်မြို့၊ ဒီမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တို့မှာ ထိုးစစ်ဆင်လျက်ရှိကာ တပ်အင်အားများ ဖြည့်တင်းလျက်ရှိတာကြောင့် KA ၊ KNDF ပူးပေါင်းတပ်မှ စစ်ကောင်စီတပ်ကို ဆက်လက်ရင်ဆိုင်တိုက်ခိုက်မှာဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ လုံခြုံရေးသတိရှိကြပါရန် အသိပေးထုတ်ပြန်ထားပါတယ်။
ချီတက်လာရာလမ်းတစ်လျှောက်မှာ ရွာတိုင်းကကြိုဆိုကြပြီး အားပေးကြတာကြောင့် ပီတိဖြစ်နေကြတဲ့ PDFလူငယ်လေးများ
ချီတက်လာရာလမ်းတစ်လျှောက်မှာ ရွာတိုင်းကကြိုဆိုကြပြီး အားပေးကြတာကြောင့် ပီတိဖြစ်နေကြတဲ့ PDFလူငယ်လေးများ
ချီတက်လာရာလမ်းတစ်လျှောက်မှာ ရွာတိုင်းကကြိုဆိုကြပြီး အားပေးကြတာကြောင့် ပီတိဖြစ်နေကြတဲ့ PDFလူငယ်လေးများ နိုင်ငံရေးအခြေအနေအကြပ်အတည်းတွေကြောင့် Gen Zလူ ငယ်လေးတွေဟာ လွတ်မြောက်နယ်မြေမှာသွားရောက်ခိုလှုံကြရင်း “ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF” အတွက် စစ် ပညာသင်ယူနေကြတာဖြစ်ပါတယ်။ အခုလို မိသားစုနဲ့ခွဲခွာပြီး တောတောင်တွေထဲမှာ စစ်ပညာသင် ယူနေကြရတဲ့ လူငယ်လေးတွေမှာလည်း အိမ်ကိုလွမ်းဆွတ်သ တိရကြသလို ပင်ပန်းဆင်းရဲဒုက္ခတွေနဲ့လည်း တွေ့ကြုံခံစားရတာကိုတွေ့ရပါတယ်……။ တောထဲမှာ အခုလိုပင်ပင်ပန်းပန်းနဲ့စစ်ပညာသင်ယူနေရတာဟာ တကယ်ကိုမလွယ်ကူလှတဲ့ ကိစ္စတစ်ရပ်ပါ။ မိုးတွင်းကာလလ ည်းဖြစ်တဲ့အတွက် တောင်ကျရေတွေရဲ့အန္တရာယ်လည်းကြုံရသလို အစားအသောက်ရှားပါးမှုဒဏ်နဲ့ ငှက်ဖျား၊တုပ်ကွေးစတဲ့ ရောဂါဒဏ်တွေကိုလည်း အလူးအလဲခံစားနေရကြဝာာဖြစ်ပါတယ်။ အခုလိုအခက်အခဲတွေမျိုးစုံရှိနေပေမယ့်လည်း PDFလူငယ်လေးတွေဟာ အာ‌ဏာရှင်ကိုတော်လှန်ဖို့အတွက် စိတ်အားထ က်သန်နေပြီး စစ်ပညာကြိုးစားသင်ယူနေကြတာဖြစ်ပါတယ်နော် …..။ မကြာသေးခင်ကလည်း PDFလူငယ်လေးတစ်ဦးဟာ စစ် ကြောင်းချီတက်လာရင်း ‌တွေ့ကြုံရတဲ့ကြည်နူးစရာအဖြစ် အပျက်လေးကိုမျှဝေလာပါတယ်။ “အခုချိန်မှာတော့ ပြည်သူလူထုက မျှော်လင့်ထားတဲ့အတိုင်း အပြည့်တော့မဟုတ်သေးဘူးပေါ့အတိုင်းတာ တစ်ခုတော့ ရေ ာက်နေပါပြီ ရွာတိုင်းကလည်းကြိုဆို အားပေးကြတယ် အခြေနေပေးရင်တော့ဆော်မှာဘဲ” ဆိုပြီးရေးသားမျှဝေထားခဲ့ပါတယ်။ ပရိသ တ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Crd-myanmarload zawgyi နိုင်ငံရေးအခြေအနေအကြပ်အတည်းတွေကြောင့် Gen Zလူ ငယ်လေးတွေဟာ လွတ်မြောက်နယ်မြေမှာသွားရောက်ခိုလှုံကြရင်း “ပည်သူ့ကာကွယ်ရေးတပ်မတော် PDF” အတွက် စစ် ပညာသင်ယူနေကြတာဖြစ်ပါတယ်။ အခုလို မိသားစုနဲ့ခွဲခွာပြီး တောတောင်တွေထဲမှာ စစ်ပညာသင် ယူနေကြရတဲ့…
Read More Read More
မသန်စွမ်းအမျိုးသားတစ်ဦးနှင့် Onlineပေါ်မှာတွေ့ဆုံခဲ့ပြီးနောက် သုံးရက်အကြာမှာဘဲ လက်ထပ်ယူခဲ့တဲ့ ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတစ်ဦး
မသန်စွမ်းအမျိုးသားတစ်ဦးနှင့် Onlineပေါ်မှာတွေ့ဆုံခဲ့ပြီးနောက် သုံးရက်အကြာမှာဘဲ လက်ထပ်ယူခဲ့တဲ့ ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတစ်ဦး
အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ မသန်စွမ်းအမျိုးသားတစ်ဦးနှင့် messaging app တစ်ခုမှတွေ့ခဲ့ပြီး သုံးရက်အကြာမှာဘဲ အဆိုပါအမျိုးသားနှင့်လက်ထပ်ဖို့ သူမရဲ့ပညာရေးလေ့လာမှုကို စွန့်လွှတ်ပစ်ခဲ့ပါတယ်။ဆွဲဆောင်မှုရှိတဲ့အဆိုပါကောလိပ်ကျောင်းသူဖြစ်တဲ့ Xiao Dan ဟာ Kong Chuang အမည်ရှိမသန်စွမ်းအမျိုးသားအား ပြုစုစောင့်ရှောက်ရန် သူမ၏တက္ကသိုလ်မှတောက်ပတဲ့အနာဂတ်ကို ထားခဲ့ရန်ဆုံးဖြတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ Guangdong ပြည်နယ်ရှိ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Kong Chuang ဟာ Wheelchair တစ်လုံးပေါ်မှာသာ အချိန်နေခဲ့ရသော်လည်း သူ၏အကောင်းမြင်ဝါဒနှင့်အောင်မြင်ရန်စိတ်ထက်သန်မှုတို့က Dan ကို စွဲမက်သွားစေခဲ့ပါတယ်။ Chuang ရဲ့ပုံတွေကိုကြည့်ခြင်းဖြင့် ထိုင်ဝမ်နာမည်ကြီးအဆိုတော်၊ ဂီတပညာရှင်နဲ့ဒါရိုက်တာ Jay Cho နဲ့တူနေတာကြောင့် Dan က သူစိတ်ဝင်စားသွားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ တစ်ကယ်လည်း Chuang ဟာ piano နှင့် ဂီတာတို့ကို ကောင်းကောင်းတီးနိုင်ပါတယ်။သို့ပေမဲ့ ကြည်နူးစရာကောင်းတဲ့ သူတို့ conversation က Dan ကို Chuang အား ပိုမိုချစ်ကျွမ်းဝင်သွားစေခဲ့ပါတယ်။ “ သူနဲ့စကားပြောရတာက ကျွန်မ အွန်လိုင်းမှာတွေ့တဲ့တခြားသူတွေနဲ့စကားပြောရတာနဲ့လုံးဝမတူနေဘူး ၊ သူက တကယ့်ကိုအံ့သြဖွယ်ကောင်းတဲ့လူတစ်ယောက်ဖြစ်ပုံရတယ်၊ ကျွန်မတို့ညဘက်ရောက်တိုင်း အကြာကြီး chat လုပ်ခဲ့ကြတယ် ” လို့ Danက ပြောပြခဲ့ပါတယ်။သူတို့ဟာ ပထမဆုံးအကြိမ်…
Read More Read More